ဒီလိုနေလှန်းထားပါတယ်..
ဟောင်ကောင်တွင်
ငါးမန်းတောင် ရောင်းချသည့် လုပ်ငန်းများက ငါးမန်းတောင်များကို
အခြောက်လှန်းရာတွင် နေအိမ် အမိုးပေါ်တွင် ထားရှိနေကြကြောင်း သိရသည်။ ယခင်က
လမ်းဘေးများတွင် ငါးမန်းတောင်များကို ဖြန့်ကျက်ကာ လှန်းထားလေ့ ရှိသော်လည်း
လမ်းသွားလမ်းလာများက ကန့်ကွက်မှုများ ကျယ်ပြန့်လာချိန်တွင် ယခုလို
နေရာပြောင်းရွှေ့
ခဲ့ခြင်း ဖြစ်သည်။
ပုံတွင် အိမ်ခေါင်မိုးများပေါ် လှန်းထားသည့် ထောင်နှင့်သောင်းနှင့်ချီသော ငါးမန်းတောင်
များကို တွေ့မြင်နိုင်သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ
တာဝန်ရှိသူများက ယင်းကဲ့သို့ ငါးမန်းများစွာကို သတ်ဖြတ်ပြီး ဆူးတောင်များ
ရယူနေခြင်းကြောင့် အနာဂတ်တွင် သမုဒ္ဒရာဇီဝ ပတ်ဝန်းကျင် မညီမှုမျှများ
ပေါ်ပေါက်လာနိုင်ကြောင်း သတိပေး ပြောဆို
... ထားသည်။
ငါးမန်းတောင် ရောင်းဝယ်ဖောက်ကားမှုသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ကျဆင်း
လာသော်လည်း ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဈေးကွက်တစ်ခုအဖြစ်
ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ငါးမန်းတောင်ကို (အထူးသဖြင့် တရုတ်ပြည်တွင်)
ဟင်းချိုအဖြစ် ပြုလုပ် စားသုံးလေ့ရှိကြောင်းလည်း သိရသည်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ.(၆.၁.၁၃)
No comments:
Post a Comment