Thursday 10 November 2011

စောင့်လေမျိုးနွယ်

                                                           
                                                    


                                               စောင့်လေမျိုးနွယ်..( ၂ )
                              
*................*...........xxxxxxx........*......................*

ဤခုနှစ်ဆူကုန်သော......မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်... ရွှေဖ၀ါးရတနာ... စကြာရွှေဖ၀ါး.... ဖြန့်ငြား........
ဖြန့်ငြားပါစေသော်။

သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ
လွင့်ပျံလာသောအသံချဲ့စက်အသံ။ ဤသီချင်းသံသည် ရွာမှာအလှူဘုရားပွဲရှိတိုင်း
ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နားထောင်ဖြစ်သည်။
ရွာကိုပို၍သတိရမိသည်။သူမတို့အရပ်တွင် အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကို စတင်ကြားရသည်။ ထိုအချိန်တွင် သူမတို့အမျိုးသမီးအုပ်စုကကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့် အလုပ်ရှုပ်ကျမည်။ ဦးညွန့်တို့
ဦးအောင်လံတို့၊ ဦးကြီးများက အကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်
လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာ ပြေးလွှားဆော့ကစား၍
အချို့ကအသံချဲ့စက်နားတွင် ၀ိုင်းအုံနေကြမည်။ ညနေပိုင်းတွင်
အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်
ကလေးလူကြီးအားလုံးပျော်ပျော် ပါးပါးစားသောက်ကျတော့မည်။

ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်
သူမနှလုံးသားထဲ အသွေးအသားထဲအထိ ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။
ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမ ထွက်ကြည့်လိုက်သည်။
ယောဂီလုံချည်များဝတ်လျှက် သာသနာတော်အကျိုး အတွက် ငွေဖလားကိုယ်စီကိုင်ကာ
အလှူခံနေသူများ၊ တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊
ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက်သရေရှိလှသော
မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လိုရာဖြစ်စေတော့
ပိုက်ဆံအိတ်ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍
ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာအတွင်းမှာ အရသာအရှိဆုံးအလှူဟု
သူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။

.......................................................*...................................................

"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"

သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော
ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက်၍ အားကိုးတကြီး
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့
ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။

"အရှင်ဘုရား တပည့်တော်.......?........xxxxxx ဘာသာကြားထဲ ရောက်နေလို့
ဆွမ်းလှူခွင့်မရှိပါဘုရား"

တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။
ကိုရင်များကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍
လှည့်ပြန်သွားကြလေပြီ။

အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ. သဒ္ဓါစေတနာထက်သန်သော
အမိအဖတို့၏သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလှူအတန်းကို
ရက်ရောစွာ ပြုလုပ်လိုသူ ယခုတော့ ဆွမ်းလာဖိတ်သော ကိုရင်များကို
ဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာ နင့်နေအောင်ခံစားလိုက်ရသည်။
တလှိုက်လှိုက် တက်လာနေသော ရင်တွင်းသောကကို ဘယ်လိုမှထိန်းမထားနိုင်တော့။
အိပ်ခန်းတွင်းသို့ဝင်၍ အားရအောင် ငိုရှိုက်ပစ်လိုက်သည်။ ဘယါသူမပြု မိမိမှု့ ဘယ်သူ့အပစ်မှမဟုတ် မိမိ ပြင်မရသော အပစ်ကြီး .......။

.......*.........*............xxxxxxxxxxxx........*........*..........

တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေး
ကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင်ခပ်ဖျော့ဖျော့အောက်ဝယ်
ထီးထီးမားမားတည်ရှိနေသော စေတီတော် မြတ်ကြီးကို ဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။ သည်အခိုက်အတန့် လေးမှာပင်
မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။ သူမ အိပ်ယာကလန့်နိုးခဲ့သည်။
    
မှတ်ချက် ။      ။ ဤဆောင်းပါးသည် မည်သည့်ဘာသာကိုမျှ ထိခိုက်လိုသော ရည်ရွယ်ချက်မရှိပဲ မိမိ ဘာသာဝင် အတွက်သာ စောင့်လေမျိုးနွယ်ဆိုော ၀တ္တရား အရအသိပေး တိုက်တွန်းချင်းသား ဖြစ်သည် ။
မိမိ ဘာသာအား စောင့်ရှောက်သော ဆောင်းပါးဖြစ်သည်ကြောင့် မည်သည့်ဘာသာကိုမျှ မထိခိုက်ပါ ။
 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ...ရွှေဝန်းရတနာ..(11.11.11)သောကြာနေ့

Monday 12 September 2011

စောင့်လေမျိုးနွယ်

                                                           

စောင့်လေမျိုးနွယ်.......(၁)

ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။
ပြောင်းလဲ ခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲ သူမအတွက်

အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။


"ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ

ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"


ချစ်သူ၏နွေးထွေးသောစကားသံများသည် သူမအတွက် ငြိမ့်ညောင်းသော ဂီတသံများ

ဖြစ်ခဲ့ဖူး ပါသည်။


"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏

ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ ရင်ထဲမှာတော့

တိတ်တခိုး ပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။ မင်္ဂလာဆောင်ပြီး

နောက်တစ်နေ့မှာတော့သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။


"ချိုမင်းကိုယ်တို့ xxxxx  ဘာသာထဲဝင်ရမယ်.။"


"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"


"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်ကလိုက်ယူရတာ ကိုယ်တို့

xxxxx  ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။


"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"


"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အခုချို့မှာ တီဗွီ၊ ဗီစီဒီ၊

ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကား

အားလုံးပြည့်စုံနေပြီ။ ဒါတွေအားလုံး ချို့ကိုချစ်လွန်းလို့ ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"


အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ

ခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင် လုံလောက်ပြီလို့ထင်ခဲ့တဲ့

သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။ အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲ

သူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။


"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း

အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"


"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီးသားဦးလေးမွေးတယ် ကြားကတည်းက

လာချင်နေတာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့

တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာ

မြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"


အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ

ဖြစ်သွားရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍

တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကိုမသိရှာပဲ

ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။


........*................*.........*


အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင်နှင့် xxx ဘာသာဝင်

ခင်ပွန်းသည်တို့အကြား ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍

ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။


"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"


"ဟင်...အမေဘာလုပ်မိလို့လဲ"


"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင်

မြင်လိုက်လို့ပေါ့"


"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းလောင်းနေကျလေ။

ဒီမှာလည်း ထမင်းဟင်းအဆင်သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"


"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ

ငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြောမင်းမပြောရင်ငါပြောရလိမ့်မယ်။"


"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"


မိခင်အား ရန်လိုထိပါးလာမည့်ကိစ္စအတွက် သူမကြမ်းတမ်းစွာ

တုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက်

နာကျင်မှု့တို့ရောစွက်နေသောဒေါသကို အသာမျိုသိပ်ထားလိုက်ရသည်။


သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့

သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်က အဆင်းမှာပင်

ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူ အိမ်နီးချင်း

မိန်းကလေးများနှင့်ဆုံဖြစ်သည်။


"ဟယ်-မချိုဝလာလိုက်တာဟယ်၊ သူဌေးမရုပ်တကယ်ကျတယ်သိလား၊

နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"


"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ ငါမှာအပြင်လဲ

ကောင်းကောင်းထွက်ခွင့် မရ၊ သားလေးကလည်း

ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"


"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာ ဆိုင်းပါတယ်သိလား၊

တန်ဆောင်တိုင် မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာ

ရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာ ငွေမတည်ပြီး မီးပန်းတောင်းပွဲကို

အထူးစပါယ်ရှယ်လုပ်ပေးမှာတဲ့။ အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"


"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"


ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊ ကထိန်ပွဲများနှင့်

အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု"

တချက်လွတ်အမိန့် ထုတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့

သူငယ်ချင်းများကို ရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။

မိမိ၏ကျဉ်းကျပ်သောဘ၀နှင့် ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကို

သူငယ်ချင်းများမရိပ်မိစေရန်အပြုံးတုဖြင့် ဖုံးထားရင်းစကားပြောနေရသည်။


အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း

သူမတွေးနေမိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည်

ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင်

တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသော ကြက်သွန်လှီးပွဲမှာ

သူမပါဝင်စမြဲ။ ကွမ်းတောင်ပန်းတောင်ကိုင်အဖွဲ့နှင့် အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်

သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှင့်သင်္ကြန်ရက်များတွင်

ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ် လုပ်ရသည်မှာလဲ ပျော်စရာ

ကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သော သူငယ်ချင်းများမှာ ပျော်ရွှင်စရာ

ဤပွဲတော်ရက်များကို ဆက်လက်ဆင်နွဲ ကျပေဦးတော့မည်။

သူမမှာတော့ပွဲတော်ရက်များရောက်တိုင်း လွမ်းမောခြင်းနဲ့သာ

အချိန်ကုန်နေရပြီဖြစ်သည်။ ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကို

သူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍ အတွေးကိုရပ်

ရန်ကြိုးစားလိုက်သည့်တိုင် မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့

လိမ့်ဆင်းလာသည်။
မှတ်ချက် ။      ။ ဤဆောင်းပါးသည် မည်သည့်ဘာသာကိုမျှ ထိခိုက်လိုသော ရည်ရွယ်ချက်မရှိပဲ မိမိ ဘာသာဝင် အတွက်သာ စောင့်လေမျိုးနွယ်ဆိုော ၀တ္တရား အရအသိပေး တိုက်တွန်းချင်းသား ဖြစ်သည် ။
မိမိ ဘာသာအား စောင့်ရှောက်သော ဆောင်းပါးဖြစ်သည်ကြောင့် မည်သည့်ဘာသာကိုမျှ မထိခိုက်ပါ ။
 ရောက်လာသူအပေါင်းရွှင်လမ်းချမ်းမြေ့ကြပါစေ...ရွှေဝန်းရတနာ..(၁၃.၉.၁၁)အင်္ဂါနေ့

Wednesday 7 September 2011

မမှီဘူးဆိုတာ မလိုက်လို့ပါ

                                                                

                                      Rafael Nadal    ရဲတင်းနစ်ကစားဟန်


         လူသားတိုင်းလူသားတိုင်းကြီးပွားချမ်းသာချင်ကြပါတယ်။ ဒါပေမယ့်ချမ်းသာအောင်လုပ်သလားဆိုတော့လဲမလုပ်ကြတာတွေရှိသလိုဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းလမ်းကောင်းတွေကို
မသိလိုလဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမဖြစ်သေးတာဘဲရှိတယ်ကြိုးစားမယ်ဆိုရင်ဘုရား
တောင်ဖြစ်နိုင်တယ်လို့ဆိုထားတယ်မဟုတ်လား။  ကြိုးစားချင်စိတ်ရှိဘိုဘဲလိုပါတယ်
ဆန္ဒသာရှိမယ်ဆိုရင်ဘယ်အရာမဆိုအောင်မြင်တယ်လို့ဘုရာဟောထားတာဘဲ။ ဒီလိုပါဘဲ
လောကမှာအခက်ခဲကြာထဲကကြိုးစာပြီးအောင်မြင်သွားတဲ့သာဓကတွေ ဘုရားရှင်လက်ထက်ကလဲရှိခဲ့ဘူးသလိုယခုခေတ်မှာလဲရှိနေဆဲဘဲဆိုတာကိုသာဓကအနေနဲ့ပြလို့ရအောင်ဒီပိုစ့်လေကိုတင်ဘို
ပြင်ဆင်လိုက်ရပါတယ်။
                                                            

ကျွန်တော် တင်းနစ် ကစားနေတာကို ဖေဖေက ပထမဦးဆုံး လာကြည့်တယ်။ ကျွန်တော်ကတော့
ကျွန်တော့်ကစားဟန်အတိုင်း သွက်သွက်လက်လက် ကစားပြတယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့
တတိယ ကစားတဲ့ သူတစ်ယောက်က အတော် ကျွမ်းကျင်တယ်။ ကျွန်တော် လျင်လျင်မြန်မြန်
ကျွန်တော့်ကစားနေကြ အတိုင်း ကစားရင်းကို သူ့ရဲ့ လက်ပြန်ဘောတွေက ကျွန်တော်
လွတ်နေတဲ့ နေရာတွေကို တဖွဲဖွဲကျတယ်။ ကျွန်တော် အပြေးအလွှားလိုက်ရင်လည်း
မမှီနိုင်တဲ့ နေရာတွေ။ လိုက်လို့ မမှီနိုင်ဘူး ဆိုတဲ့ နေရာတွေ ဆိုတော့
ကျွန်တော်လည်း အသေအကြေ မလိုက်မိဘူး။ ဒါနဲ့ ပွဲပြီးတော့ ကျွန်တော်
နှစ်ပွဲပြတ်နဲ့ ရှုံးတယ်။

ဖေဖေ လာကြည့်တော့မှ ဘယ်ကမှန်း မသိတဲ့ ကိုယ့်ထက် အတန်းကြီးက လူတစ်ယောက်ကို
ခွက်ခွက်လန်အောင် ရှုံးတော့ ကျွန်တော် သိပ်ပြီး မကျေနပ်။ ဒီလူကိုလည်း ကျွန်တော်
တစ်နေ့ နိုင်အောင် ကစားမယ် လို့ ကျွန်တော် စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ ဖေဖေနဲ့
အိမ်ပြန်လာတော့ ဖေဖေက လမ်းမှာ ဘာမှ သေချာ မပြောဘူး။ သူ့ဖာသာ အေးဆေး
လျှောက်လာတယ်။ ဖေဖေ ဘာမှ မပြောတော့ ကျွန်တော် စိတ်ထဲ တစ်မျိုး ဖြစ်လာတယ်။
တကယ်ဆို ကျွန်တော် တင်းနစ်ကစားတာ ဖေဖေ ပထမဦးဆုံး လာကြည့်တဲ့ ပွဲ။ ဖေဖေ
တစ်ခုခုတော့ ပြောဖို့ ကောင်းတယ်။

ကျွန်တော်ကလည်း ဖေဖေ လာကြည့်တဲ့ ပွဲမှ နှစ်ပွဲပြတ်နဲ့ ရှုံးရတယ်လို့။ ဒီလူရဲ့
ရိုက်ချက်တွေက အသာလေးဆိုပေမဲ့ ကျွန်တော် လိုက်လို့ မမှီနိုင်တဲ့ နေရာတွေကို
သူက သူရဲ့ လက်ပြန်ရိုက်ချက်တွေနဲ့ ပို့သွားတာ။ ဟူး...ဒီရိုက်ချက်တွေ
ပြန်တွေးရင်း ကျွန်တော် ဘေးနားက ဖေဖေ့ကို တစ်ခုခု ပြောချင်တယ်။ ဖေဖေရဲ့ဘာမှ
မပြောပဲ တိတ်ဆိတ်နေတာကလည်း ကျွန်တော့်ကို ပိုပြီး အနေရခက်စေတယ်။ ဒါကြောင့်
ဖေဖေ့ကို ကျွန်တော် စကားစလိုက်တယ်။

“ ဒီနေ့ ကျွန်တော်နဲ့ ကစားတဲ့သူက တော်တော်ကောင်းတယ်နော် ဖေဖေ။ သားမမှီတဲ့
နေရာတွေကို သူ့ရဲ့ လက်ပြန်ရိုက်ချက်နဲ့ သူရိုက်ပြီး ကစားသွားတာ။ ”

ကျွန်တော် ပြောတာကို ဖေဖေက နားထောင်ပြီး...

“ သူ ကောင်းတယ် ဆိုတာလည်း ဟုတ်တယ်။ သူရဲ့ လက်ပြန်ရိုက်ချက်တွေ ကောင်းတယ်
ဆိုတာလည်း ဟုတ်တယ်။ သူက သားလွတ်နေတဲ့ နေရာတွေကို ရိုက်တယ် ဆိုတာလည်း ဟုတ်တယ်။
ဒါပေမဲ့ တစ်ခုတော့ မဟုတ်ဘူးသား။ ”

“ ဗျာ...၊ ဘာလဲ ဖေဖေ။ ”

“ ဘာလဲ ဆိုတော့ သူ့ရိုက်ချက်တွေကို လိုက်ဆယ်ဖို့ သားက မမှီဘူးလို့ ပြောတာလေ။
တကယ်တော့ သူ့ရိုက်တွေ ကောင်းတယ် ။ သားလွတ်နေတဲ့ နေရာကို လိုက်ရိုက်တယ်
ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ သားရယ် ၊ သားသေချာ စဉ်းစားပါဦး။ တင်းနစ် ရိုက်တယ်
ဆိုတာ သူများ ဟာကွက် လွတ်ကွက် ဆီကို ရိုက်ရတာ မဟုတ်လား။

တကယ်တော့ ဒီနေ့ သူရဲ့ ရိုက်ကွက်တွေ ကောင်းတယ် ဆိုတာထက် ငါ့သားက
သူရိုက်လိုက်တာတွေ ငါ မမှီတဲ့ နေရာကို ရောက်နေပါလား ဆိုပြီး မလိုက်လို့ ဒီနေ့
သား ရှုံးရတာပါ။ ”

ဖေဖေ ဒီလို ပြောတော့ ကျွန်တော်လည်း အံ့သြသွားပြီး . .

“ မဟုတ်ဘူးလေ.ဖေဖေ။ သူ့ရိုက်တာတွေကို သားမှ မမှီတာလေ။ ”

ဒီတော့ ဖေဖေက ပြုံးကြည့်ပြီး. . .

“ ဟုတ်တယ်။ ငါ့သားစိတ်ထဲမှာ ဒါကတော့ မမှီပါဘူးလို့ ရှိနေတယ်လေ။ ဒါကြောင့်
မလိုက်တာ။ မလိုက်တော့ မမှီဘူး။ မမှီဘူးလို့ ထင်နေတော့ မလိုက်ဖြစ်ဘူး။ ဒါကြောင့်
ငါ့သား ရှုံးခဲ့တာပဲ။ တကယ်တော*့ **“ မမှီဘူးဆိုတာ မလိုက်လို့ပါ။ ”* တကယ်လို့
ငါ့သားသာ ဒီဘောလုံးကို မှီရမယ် ဆိုတဲ့ စိတ်နဲ့ လိုက်ကြည့်စမ်းပါ။ ဒီဘောလုံး
ရပ်နေသလို ငါ့သားဆီက စွမ်းအင်တွေ ထွက်လာပြီး မှီလာပါလိမ့်မယ်။

မမှီနိုင်ဘူး ထင်နေသ၍တော့ ဘယ်တော့မှ မှီလာလိမ့်မယ် မဟုတ်ဘူး. . သား။ ငါ မှီရမယ်
ဆိုတဲ့ စိတ်နဲ့ လိုက်ကြည့်စမ်းပါ။ မှတ်ထားသား ဘယ်အရာ မဆို *“ မမှီဘူးဆိုတာ
မလိုက်လို့ပါ။ ”* ”

ဖေဖေ ဒီလို ပြောတော့ ကျွန်တော် လက်မခံချင်ဘူး။ ဒါပေမဲ့ ဘာမှ တော့
ပြန်မပြောဖြစ်ပဲ အိမ်ရောက်လာခဲ့တယ်။ ကျွန်တော် အဲဒီညက တစ်ညလုံး
အိပ်မပျော်ခဲ့ပါ။ တစ်ညလုံး စဉ်းစားနေခဲ့တယ်။ ငါ တကယ်ကို မမှီတာလား ။
မမှီဘူးထင်ပြီး မလိုက်ဖြစ်တာလား ၊ ဖေဖေ ပြောသလိုရော တကယ်လား။ ကျွန်တော်
ကစားခဲ့တဲ့ တင်းနစ်ပွဲတွေ ကျွန်တော် ပြန်တွေးကြည့်တယ်။ ဒီနေ့ ကစားတဲ့ ပွဲကို
ကျွန်တော် ပြန်တွေးကြည့်တယ်။ ဖေဖေ ပြောတာ အမှန်ပဲလို့ ကျွန်တော် တွေ့လိုက်ရတယ်။

မမှီနိုင်ဘူးလို့ ကျွန်တော် ကိုယ် ကျွန်တော် ထင်နေတာက ကျွန်တော့်ကို
တင်းနစ်ဘောလုံးနောက်ကို မလိုက်ပဲ အရှုံးပွဲတွေနဲ့ တွေ့စေခဲ့ပါလားလို့လည်း
ကျွန်တော် တွေ့လာခဲ့တယ်။ တကယ်လို့ ငါ အားစိုက်လိုက်ရင် မှီချင်မှီလာနိုင်တယ်
ဆိုပြီးလည်း ကျွန်တော် တွေးမိတယ်။ ငါ.မှီအောင် လိုက်ကြည့်မယ် လို့လည်း
ကျွန်တော် သံဓိဌာန်ချမိတယ်။

နောက်နေ့ကစပြီး ဘောလုံးနားရောက်တော့မှ ကျွန်တော် ရိုက်ခွင့်မရပဲ
ချော်ချင်ချော်သွားပါစေ ကျွန်တော် ဘောလုံးနောက်ကို အားစိုက်ပြီး လိုက်ခဲ့တယ်။
ဒီတော့ အရင်က ကျွန်တော် မမှီနိုင်ပါဘူးဆိုတဲ့ ဘောလုံးလေးတွေကို ကျွန်တော်
လက်တစ်ကမ်း အမှီမှာ လိုက်ပြီး ရိုက်နိုင်လာတယ်။ နောက်ဆုံး မမှီဘူးဆိုရင်လည်း
ကျွန်တော့်အတွက် သက်လုံကောင်းလာခဲ့တယ်။

ဒါနဲ့ ကျွန်တော့်ကို လက်ပြန်ရိုက်ချက်တွေနဲ့ လွတ်နေတဲ့ နေရာတွေကို ရိုက်ခဲ့ပြီး
နှစ်ပွဲဆက် ရှုံးစေခဲ့တဲ့ အတန်းကြီးက ကျောင်းသားနဲ့ ကျွန်တော် ပြန်တွေ့တော့
သူ့ရဲ့ ရိုက်ချက်တွေကို ကျွန်တော် အတင်းလိုက်တယ်။ တကယ်ကို အံ့သြစရာပါပဲဗျာ.
အရင်က မမှင်္ီပါဘူးဆိုပြီး လက်ပြန်ရိုက်ချက်တွေနဲ့ ကျွန်တော့်လွတ်ကွက်နေရာ
ရိုက်ခဲ့သူကို ကျွန်တော် နှစ်ပွဲပြတ် ၊ အမှတ်ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီတစ်ပွဲထဲမှာ မဟုတ်ပါဘူး.။ ကျွန်တော် နောက်ထပ် ဆက်ရိုက်သမျှ ပွဲတွေကိုလည်း
ကျွန်တော် မမှီဘူးဆိုတာ မဖြစ်အောင် ဘောလုံးနောက် အားစိုက်ပြီး လေအဟုန်ကဲ့သို့
ကျွန်တော် လိုက်တယ်။ ဘောလုံးနောက် လိုက်သူ ဘောလုံးရတာ မဆန်းပါဘူး။ ဒါကြောင့်
ကျွန်တော့်မှာ လွတ်ထွက်သွာတယ် ဆိုတဲ့ ဘောလုံး ရှားလာသလို ကျွန်တော်လည်း
အဆင့်တွေ တတ်ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ကျွန်တော့်ကို ချန်ပီယံ ဖြစ်စေတဲ့ အရာက ဘာလဲ ဆိုရင် ကျွန်တော့်မှာ ပြောစရာ
စကားတစ်ခွန်းကိုပဲ ထုတ်ပြရမှာပါ။

“ မမှီဘူး ဆိုတာ မလိုက်လို့ပါ။ ”

ဒီကောင်လေးကတော့ စပိန်နိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့တဲ့ ၊
အသက်ငယ်ငယ်ရွယ်ရယ်နဲ့ ကွင်းထဲမှာ တလွှားလွှား ပြေးလွားနေတတ်တဲ့ *Rafael Nadal *ပဲ
ဖြစ်ပါတယ်။


အခု စာဖတ်သူတို့ရော ဘယ်အရာကများ လိုက်လို့ မမှီဘူးဆိုပြီး ဖြစ်နေပါသလဲ။
ဒါဆိုရင် Rafael Nadal ရဲ့ စကားကိုပဲ ကျွန်တော် ပြောရမှာပါပဲ။

“ မမှီဘူးဆိုတာ မလိုက်လို့ပါ။ ”

တကယ်လို့သာ အမြဲတမ်း အားစိုက်ပြီး လိုက်ကြည့်လိုက်ပါ။ တစ်နေ့နေ့တော့
ကိုယ်မမှီဘူးဆိုတဲ့ အရာကို မှီင်္လာပါလိမ့်မယ်။   ဒီပိုစ့်လေးကိုဖတ်ပြီRafael Nagal ကဲသို့ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရင်ဆန္ဒနှင့်ဘဝတစ်ထပ်ထဲကြနိုင်ကြပါစေ...
                                              
အားလုံးရွှင်လမ်းချမ်းမြေ့ကြပါစေ........ရွှေဝန်းရတနာ...(၈.၉.၁၁)ကြာသာပတေးနေ....         

Monday 5 September 2011

ဘဝအမောတွေပြေစေဘို့ အားလုံးဘဲရီ(ရည်)မောကြပါစို့...

                                                           
                                  မမေ့ရက်ဘူးချစ်ဦးရယ်.....

 ရည်းစာပစ်သွားလို သိပ်စိတ်ညစ်နေရှာတဲ့ သူငယ်ချင်းကို ခုလိုနှစ်သိမ့်ခဲပါတယ်။
  "သိပ်လည်းပူဆွေးသောကရောက်မနေပါနဲ့ကွာ၊သူကမင့်ကိုမချစ်လို့ ခုလိုစောစောစီးစီးလမ်းခွဲသွားတော့လဲ
 ကံကောင်းတာပေါ့၊လက်ထပ်ပြီးမှ ကွဲသွားရင် ပိုဆိုးမှာမဟုတ်လား"
" ငါတော့သူ့ကို ဒီနှစ်တစ်နှစ်လုံး နည်းနည်းမှမေ့လို့ရမှာမဟုတ်ဘူးကွာ"
 "ဒါကတော့မင်းရဲ့ထင်မြင်ချက်ပါကွာ၊လက်တွေ့ကျတော့ မကြာခင်မှာဘဲ မင်းသူ့ကိုမေ့ပစ်နိုင်မှာပါ"
 "ဒီလိုကွာ၊ငါသူ့ကိုဝယ်ပေးထားတဲ့ပစ္စည်းတွေကအများကြီးကွ"
 "အဲဒီပစ္စည်းတွေကိုတစ်နှစ်အတွင်းကျေအောင်ဆပ်ပါ့မယ်လို့ကတိပေးထားတာ၊ အဲဒီအကြွေးတွေကိုလစဉ်ဆပ်ဖို့ ငါကြိုးစားရဦးမှာ"

                                             ကျုပ်ကပိုသေချာပါတယ်...

 ဆရာဝန်။    ။"အင်း...ခင်ဗျာရောဂါကနမိုးနီးယားဘဲဗျ..."
 လူနာ    ။    ။"သေချာရဲ့လားဆရာရယ်၊ဟိုတလောက ကျွန်တော့သူငယ်ချင်းတစ်ယောက်ကို နမိုးနီးယားဆိုပြီးဟိုဘက်ခန်းကဆရာဝန်ကုလိုက်တာ  အဲဒီလူနာကသေတော့ ငှက်ဖျားရောဂါနဲ့သေတာဗျ"
ဆရာဝန်။   ။"အင်း...ဒါတော့မစိုးရိမ်ပါနဲ့ဗျာ၊ကျုပ်ကပိုပြီးသေချာတဲ့လူပါ၊ကျုပ်ကသာနမိုးနီးယားလို့ဆုံးဖြတ်ထားရင်
အဲဒီလူ နမိုးနီးယားနဲဘဲသေမှာပါ    ဒါတော့စိတ်ချကိုယ်လူ"

                                   
*"အမေနဲ့သမီး ရေကူးကန်မှာ"*

**

*အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ"
ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ *

**

*ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ
ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။*

**

* ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ *

**

*နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ
မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊
အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
*

**

* လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို
ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ
ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ
ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း
ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။*

                                                     

                                             
        နှာဘူးပါဘုရား….

ကျွန်မတို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ…ဥပမာ..
ပြွန်တန်ဆာတဲ့…နောက် ဂွေးချိုတဲ့..အဲ…ပြတိုက် ရောက်ဖူးတဲ့
ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ…အဲလိုပါ..ဘာေ
ကြာင့်
ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ
မသိရပါဘူး….။

ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ
အကြောင်းလေး ပြောပြချင်လို့ပါ…ရွာနာမည်က ဂွေးကြီးရွာတဲ့..
ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော်
ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ…။

ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ
လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်
စရာ မလိုပဲ ‘ဂွေးကြီးဆရာတော်’ ရယ်လို့ နာမည်တွင်သွားတာပေါ့.

ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့
အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့..
မဖြစ်ချေဘူး…ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့
လုပ်မှပေါ့လေ..ဒါနဲ့ ကုသိုလ်ရလဲ နာမည်လဲ လှအောင် စေတီလေး
တစ်ဆူတည်မယ်ပေါ့..။

ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။

စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ
စည်သွားတော့တယ်…” ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်” တဲ့.

ဇာတ်က မပြီးသေးဘူးဗျ…
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး
မဲဖောက်လှူကြတာကိုး…။ အစီအစဉ်ကြေငြာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ
မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား…..
တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ…အလှည့်
ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။

ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ…အစီ
အစဉ်
ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ်
” ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား”
ကဲ …ကောင်းရော…ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး
လေ…ဘာကွ…လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်
ပြင်အော်တယ်…
နှာရှူဗူးမဲပေါက်တာပါဘုရား….တဲ့…။
ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ
လို့ ပြန်ကြွသွားလေတော့သတဲ့…။

–အားလုံးဘဝအမောတွေပြေစေဘိုမေးကရတာလေးကိုမျှဝေလိုက်တာပါ
အားလုံးဘဝအမေားတွေပြေကြပါစေ....ရွှေဝန်းရတနာ(၅.၉.၁၁)တနင်္လာနေ့
      

Saturday 3 September 2011

မြန်မာပြည်မှာဒေါ်လာ ဝယ်ယူမှု များလာသောကြောင့် ဈေးတက်လာ၊

                                                           



အမေရိကန်ဒေါ်လာကို အစိုးရအာဏာပိုင် အသိုင်းအ၀န်းနှင့် စီးပွားရေးသမားများက ပြန်လည် ၀ယ်ယူစုဆောင်း လာသောကြောင့် ဈေးပြန်တက်လာကြောင်း သတင်းရရှိသည်။

စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းအပါအ၀င် အစိုးရ၀န်ကြီးများနှင့် အစိုးရ ထိပ်တန်းခေါင်းဆောင် အသိုင်းအ၀န်းက အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ ကြား ထားရှိ သတ်မှတ်သင့်သည်ဟု မကြာခဏ ပြောဆိုခဲ့ပြီးနောက် အစိုးရ အာဏာပိုင် အသိုင်းအ၀န်းကြား ဒေါ်လာ ၀ယ်ယူစုဆောင်းမှု ထူးထူးခြားခြား ဖြစ်ပေါ် လာကြောင်း၊ ထို့အပြင် အစိုးရ စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများနှင့် သားသမီးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေးသမားများက ဈေးကွက်မှ ဒေါ်လာများကို ၀ယ်ယူကြသဖြင့် ဒေါ်လာဈေး ပြန်တက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။


“တဒေါ်လာ ၉၀၀ နဲ့ ၁၀၀၀ ကြား သတ်မှတ်လိုက်ရင် အခုအချိန် ဈေးအနိမ့်နဲ့ ဒေါ်လာဝယ်ထားတဲ့သူက အမြတ်ရဖို့ သေချာတယ်။ အစိုးရကလည်း အဲဒီလို သတ်မှတ်နိုင်တယ်ဆိုတဲ့ အရိပ်အရောင်တွေ မကြာခဏဆိုသလို
ပြောနေတာတွေကြောင့် ဒေါ်လာဝယ်လိုအား ပြန်တက်တာ” ဟု ရန်ကုန် ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ် ဒေါ်လာဈေးကွက်တွင်လည်း ဒေါ်လာဝယ်ယူမှု များပြားလျက် ရှိကြောင်း သိရသည်။

ထို့အပြင် စက်မှု ၂ ၀န်ကြီးဌာနက လိုင်စင်မဲ့ Super Custom ကားများအား အမေရိကန် ဒေါ်လာ ၁၃၀၀၀၊ မော်ဒယ်မြင့် အံစာတုံးပုံစံ Hi-Aceတစီးလျှင် ဒေါ်လာ ၂၀၀၀၀ အသီးသီး လိုင်စင်ဝင်ခွင့်ရရန် ဒဏ်ရိုက်မည်ဟုဆိုကာ စက်တင်ဘာ လဆန်းပိုင်းတွင် ဒဏ်ကြေး အပြီးသွင်းရန် ညွှန်ကြားထားကြောင်း၊ ကားစီးရေ ၈၀၀ နီးပါးအတွက် တပြိုင်နက်တည်း ဒဏ်ရိုက်မည် ဖြစ်ရာ ကျသင့်သော ဒဏ်ကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိနေကြောင်း၊ ၂ ပတ်အတွင်း ဒေါ်လာ ၁၂ သန်း ၀ယ်လိုအားကြောင့်လည်း ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးအသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

“ဒဏ်ရိုက်ခံရတဲ့ ကားပိုင်ရှင်တွေက ဒေါ်လာ မဖြစ်မနေ ၀ယ်ရမှာ။ မ၀ယ်ရင်လည်း ကားက လိုင်စင်ဝင်မရ ဖြစ်သွားမယ်။ အဲဒါကြောင့်လည်း ဒေါ်လာဈေး တက်လာတာ ဖြစ်မယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးက ဆိုသည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် သြဂုတ်လကုန်ပိုင်းက တဒေါ်လာ ၆၇၆ ကျပ်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် တစ်ဒေါ်လာ ၇၅၀ ကျပ်အထိ ဈေးတက်ခဲ့သည်။

ဒေါ်လာဈေး တက်လာသောကြောင့် ပြည်တွင်းရွှေဈေးလည်း တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ၇၀၄၀၀၀ ကျပ် အထိ ဈေးမြင့်ခဲ့သည်။

ရွှေဈေးတက်မှုကြောင့် ရွှေဆိုင်များနှင့် အခေါက်ရွှေဈေးကွက်တွင် ရွှေဝယ်ယူသူ မရှိသလောက် နည်းပါးသွားပြီး ပြန်လည် ရောင်းချသူများသာ များပြားနေသည်ဟု သိရှိရသည်။

“တက်ဈေးမှာ ရောင်းတဲ့သူတွေချည်းပဲ။ ၀ယ်သူက မ၀ယ်နိုင်ဘူး။ ဈေးမြင့်လွန်းတော့ မ၀ယ်နိုင်ကြတာ။ ဒေါ်လာဈေးတက်လေ ရွှေဈေးတက်လေ ဖြစ်မှာမို့ ရှေ့လျှောက် ရွှေဈေးက အတက်ချည်းပဲ ဖြစ်နေမယ်” ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင် တဦးက ဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံခြားငွေလဲနှုန်း ပြင်ဆင်သတ်မှတ်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) နှင့် ညှိနှိုင်းဆောင်ရွက် နေသည်ဟု ဆိုထားပြီး လာမည့် အောက်တိုဘာလအတွင်း IMF မှ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။


ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ။ရွှေဝန်းရတနာ(၄.၉.၁၁)
0 comments

Friday 2 September 2011

ဝန်းသိုမြို့ အဘိဓဇမဟာရဋ္ဌဂုရု ခန္တီစာသင်တိုက်ဆရာတော်

                                                            

စစ်ကိုင်းတိုင်း၊ကသာခရိုင် ၊၀န်းသိုမြို့၊ခနီး္တစာသင်တိုက်ဆရာတော်ဘဒ္ဒန္တသုဇန၏
ထေရုပ္ပတ္တိအကျဉ်း



ပြည်ပရောက်နေတုန်း၊ ကိုယ့်မွေးရပ်မြေဒေသမှ ထူးခြားမွန်မြတ်သည့်ဆရာတော်ကြီး
ဖြစ်တော်မှုသော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ကျေးဇူးတော်ရှင် စစ်ကိုင်းတိုင်း၊ကသာခရိုင် ၊၀န်းသိုမြို့၊ ခနီး္တစာသင်တိုက်ဆရာတော်ဘဒ္ဒန္တသုဇန၏
ထေရုပ္ပတ္တိအကျဉ်းအားကြည်ညို ဂုဏ်ဖော် တင်ပြလိုက်မိပါတော့သည်…
“ဆရာတော်သည် မကွေးတိုင်း ထီးလင်းမြို့၊ ကဇွန်းဒေါင့်ရွှာ ခမည်းတော် ဦးလယ်ရောက်၊
မယ်တော် ဒေါ်ရွှေမြင့်တို့မှ သက္ကရာဇ် ၁၂၅၆ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ရက်၊ သောကြာနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မှုသည်။မွေးချင်း ၁၂ယောက်ရှိသည့်အနက်
ဆရာတော်သည် ဒုတိယသားရတနာဖြစ်သည်။ ဆရာတော်လောင်းလျာမွေးဖွားပြီးချိန်မှစ၍
မိဘတို့မှာ စီးပွားဥစ္စာ တိုးတက်လာသဖြင့် မောင်သာတိုးဟုအမည်တော် တွင်ခဲ့လေသည်။
ပဗ္ဗဇဖ္ဖ နှင့် ဥပသမ္ပဒ
ဆရာတော်လောင်းလျာသည် ၁၁နှစ်သားအရွယ်တွင် ခမည်းတော် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ကဇွန်းဒေါင့်ရွာ ဂိုဏ်းဖောက်ဆရာတော်ထံ၌ ရှင်သာမဏေအဖြစ်သို့
ရောက်ရှိတော်မှုသည်။ ရှင်သာမဏေ ဘွဲ့မှာ ရှင်သီရိဖြစ်သည်။။
၁၂၇၅ ခုနှစ်၊ နတ်တော်လဆန်း ၉ရက်နေ့တွင် ၀န်းသိုမြို့ ရွှေကျောင်းအရှေ့ရွှေဂူကြီးဘုရားအနီး ခဏ္ဍသိမ်ကြီး၌ ၀န်းသိုမြို့ အရှေ့ရေ၀န်းတိုက်
ဆရာတော် ဦးဇယန္တကို ဥပဇ္ဈာယ်ပြုလျှက် ၀န်းသိုမြို့ စပါးနှင့်ဆန်ကုန်သည်ကြီး ဦးသာပြော၊ ဒေါ်ဒေါ်အဲတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာမြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်တော်မှုသည်။
ရဟန်းဖြစ်တော်မှုပြီးနောက် ၀န်းသိုမြို့ ပထမခန္တီးဆရာတော်ကြီးက ရှင်သီရိဟူသော ဘွဲ့တော်ဟောင်းမှ ဆန်းဂုဏ်နှင့်ညီညွတ်သည့် ဦးသုဇနဟူသော ဘွဲ့တော်သစ်သို့ ပြောင်းပေးတော်မှုရာ ထိုဘွဲ့တော်ဖြင့်ပင် ယနေ့တိုင်ထင်ရှားလျက်ရှိသည်။
ပရိယတ္တိကို သင်ကြားတော်မှုခြင်း
ဆရာတော်သည် ရှင်သာမဏ ဖြစ်သည်မှစ၍ ကဇွန်းဒေါင့်ရွာကျောင်းဆရာတော် အရှင်ဥေယျ၊
စင်ပုံရွာကျောင်း ဆရာတော်အရှင်စန္ဒ၊ ကင်းပန်းရွာဂိုဏ်းထောက်ဆရာတော်ကြီး အရှင်ဂန္ဓမာ။
ဝန်းသိုမြို့ ပထမခနီး္တဆရာတော်ကြီး အရှင်စန္တိမာတို့အထံ၌ အခြေခံပိဋက ကျမ်းစာများကို သင်ယူတော်မှုသည်။အထူးသဖြင့် လောကီ လောကုတ္တရာ စွယ်စုံပညာရှင်ကြီးဖြစ်တော်မှုသော
စင်ပုံတရာတော်ကြီးထံ၌ ဗေဒင်ပညာကို ဇာတာဖွဲ့နိုင်သည်အထိ ဆည်းပူးတော်မှုခဲ့ပါသည်။
ရဟန်းဖြစ်ပြီးလျှင် ခုနစ်ဝါမြောက် သင်ရိုးပေါက်ရမည်ဟူသော အဓိဋ္ဌာန်ချက်ဖြင့် ကျေးဇူးတော်ရှင် ပထမခနီး္တဆရာတော်ကြီးအထံ၌ ပ်ါဠိတော် အဋ္ဌကထာ၊ ဋီကာစသော ကျမ်းများကို သင်တော်မှုစဉ် ရဟန်းငါးဝါ အရ၌ထုံနာ၊ လေနာရောဂါများစွဲကပ်လာသဖြင့်
ပါဠိတော် ကျမ်းရင်း ၂၀နှင့် အဋ္ဌကထာ ၁၀ကျမ်းတို့သာ ပြီးမြောက်ခဲ့ပါသည်။
ထို့နောက် ရဟန်း ၉၀ါအရ ကျေးဇူးတော်ရှင် ပထမ ခန္တီးဆရာတော်ကြီး၏ အစီအစဉ်ဖြင့်
မန္တလေးမြို့အရှေ့ပြင်ခင်မကန်တိုက် သုဓမ္မာဥက္ကဋ္ဌဆရာတော်၊ နန်းရှေ့တိုက်ကျောင်း ကျောက်ပန်းတောင်း ဆရာတော်တို့အထံ၌လည်းကောင်း၊ တောင်ပြင်ဘုရားကြီးတိုက်၊ ပထမတိုက်အုပ်ဆရ်ာတော်ဘုရားကြီး၊ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး၊ ကဗျာနန် ဆရာတော်ဘုရားကြီးများ အထံ၌လည်းကောင်း၊ အနောက်ပြင်ခင်မကန်တိုက်၊ ဗန်းမော်ကျောင်းဆရာတော်ဦးသုတ၊ စကုတိုက် ဆရာတော်ဦးပဏ္ဍိတတို့ အထံ၌လည်းကောင်း၊
ဆန်း၊ အလင်္ကာ ၊နေတ္တိ စသည်တို့ဖြင့် ပါဠိ၊ အဋ္ဌကထာ ၊ဋီကာကျမ်းရိုးသွားကိုလေ့လာသင်ကြားတော်မှုခဲ့ပါသည်။
ဆရာတော်သည် ရဟန်းဖြစ်စ ပထမ ခနီး္တဆ၇ာတော်ဘုရားကြီးထံတွင် ပရိယတ္တိ စာပေများကို
လေ့လာဆည်းပူးနေစဉ် စာသင်သား ရဟန်း သာမဏေ တို့အား နေ့ဝါ ည၀ါ တစ်နေ့လျှင် စာဝါ ၁၂၀ါအထိ ပို့ချတော်မှုသည်။ ထို့နောက် ရဟန်း ၆၀ါအရ ကျေးဇူးရှင် မိခင်ကြီးကို အကြောင်းပြု၍ မိမိရပ်ရွာ ယောနယ်သို့ပြန်ကြွတော်မှုကာ ရွှေယင်းမာပင်ကျောင်း၌ ၃နှစ်၊ ၃၀ါတိုင်တိုင် ရဟန်းငယ်ရှင်ငယ်တို့အား စာပေပို့ချ သင်ကြားပေးတော်မှုပါသည်။ရဟန်း ၁၂၀ါအရတွင် ပထမခနီး္တဆရာတော်ကြီး၏ တာဝန်ပေးချက်အရ ခနီး္တစာသင်တိုက်ကြီး၌ တိုက်အုပ်ဆရာတော်အဖြစ် တာဝန်ယူ စီမံအုပ်ချုပ်တော်မှုသည်။
၁၂၉၃ ခုနှစ် ၁၉၀ါအရတွင် ပထမ ခနီး္တဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မှုချိန်မှစပြီး တိုက်ပိုင်ဆရာတော်ဖြစ်တော်မှုသည်။ ထိုအချိန်မှစပြီး မိမိကျေးဇူးရှင်ဆရာတော်ကြီးချမှတ်တော်မှုခဲ့သည့် ပရိယတ္တိ သာသနာတော်ကြီးမပျက်စီး မညိုးမှိန်ရအောင် ၊တိုးတက်သည်ထက် တိုးတက်အောင်ဆောင်ရွက်တော်မှုခဲ့သည်။

ဆရာတော်သည် သံဃသုဋ္ဌု သံဃာဖာသု သာသနာ့ဝိပုလ သမဂ္ဂသမောဓန ဖြစ်မြောက်ရေးအကျင့်စရိတ္တ ကောင်းမွန်ရေး ပရိယတ္တိတိုးတက်ရေးတို့ကို ရှေးရှုတော်မှုလျက် ဥပုသ်နေ့တိုင်း ဥပုသ်ပြုအပြီးတွင် ဆုံးမသြ၀ါဒပေးတော်မှုသည်။
သက်တော် ၅၈နှစ်၊ သိက္ခာတော် ၃၉၀ါအရတွင် ရဟန်းရှင်လူတို့၏ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ရှာမှီးရာ ဗဟိုဌာနကြီးသဖွယ် ဖြစ်သည့် ၀န်းသိုမြို့နှင့် တစ်မိုင်သာသာခန့်ဝေးကွာသည့် တောင်ကုန်းတစ်ခုတွင် ခရီးရိပ်သာကို (မန္တလေး မြစ်ကြီးနားရထားလမ်းတွင် ၊ ၀န်းသိုမြို့ဘူထာအ၀င် ၁မိုင်သာသာခန့့််တွင် ရထားပေါ်မှနေဖူးမြင်နိုင်ပါသည်) တည်ထောင်တော်မှုကာ အတ္တာနမေ၀ ပထမံ ပဋိရူပ နိဝ သယေ ဒေသနာတော်နှင့်အညီ မိမိကိုယ်တိုင်လည်း ကြိုးစားအားထုတ်တော်မှု၍ ရောက်လာသည့် ရဟန်းရှင်လူတို့အားလည်း ၀ိပဿနာကမ္မဋ္ဌာန်း အားထုတ်နည်းတို့ကို
နေ့ညဥ့်မလပ် ဟောကြားပြသတော်မှုသည်။
ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီး၌ ပါဠိဝိသောဓက တာဝန်နှင့် ဆဋ္ဌသံဂီတိဘာဏကတာဝန်များကို
ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အပြင် ကသာခရိုင်၊ ၀ိနိစ္ဆယဌာနတွင် ခရိုင်ဝိနည်းဓိုရ်ဆရာတော်အဖြစ်ဆောင်ရွက်တော်မှုခဲ့ပါသည်။။
၁၉၆၅ ခုနစ်၊ မှော်ဘီမြို့ သာသနာသန့်ရှင်းပြန့်ပွားရေး ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးဖြစ်မြောက်ရေးဦးစီးဆရာတော် ၂၁ပါးတွင် ပါဝင်ဆောင်ရွက်တော်မှုခဲ့ပါသည်။
၁၃၂၃ခုနှစ် တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မှုသည်။



စာပေကျမ်းဂန် ရေးသားပြုစုတော်မှုခြင်း

ဆရာတော်ဘုရားသည် ခနး္တီစာသင်တိုက်ကြီး၌ အုပ်ချုပ်ရေးတာဝန်၊ စာပေကျမ်းဂန်ပို့ချမှုတာဝန်( ရောက်လာသော ဒါယကာ၊ ဒါယိကာမများအား
ဒါနကထာ၊ သီလကထာ စသော ဟောပြောမှုတာဝန် )များကုထမ်းဆောင်တော်မှုစဉ်
အားလပ်ချိန်များ၌ ရဟန်းရှင်လူတို့၏ အကျိုးအတွက် အောက်ပါကျမ်းစာများကို ရေးသားတော်မှုခဲ့ပါသည်။
၁။ ဘာသာအလင်းပြ(ပထမတွဲ)၊ဘာသာအလင်းပြ(ဒုတိယတွဲ)၊ဘာသာအလင်းပြ(တတိယတွဲ)
၎။သစ္စာအလင်းပြကျမ်းကြီး
၅။သစ္စာဆောင်ပုဒ်များ
၆။ သစ္စသင်္ခေပ
ရ။စတုသစ္စကမ္မဋ္ဌာန်း
၈။ ဥပုသ်စောင့်လက်စွဲ၊
၉။ ငြိမ်းချမ်းရေးလမ်းစဉ်
၁၀။သုဂတိလမ်းညွှန်၊
၁၁။ ၀န်းသိုရာဇ၀င်၊
၁၂၊ ပညတ်ပရမတ်ခွဲ၊
၁၃။ ကလျာဏပုထုဇ္ဇနပကာသနီ၊
၁၄။ခန္ဓာဒိပကာသနီ၊
၁၅။ ပရိဝါသ၀တ္တပကာသနီ၊
၁၆။ ဒွတ္တိံသကာနုပဿနာ၊
၁၇၊ခနီး္တတိုက် ၀တ်ရွတ်စဉ်၊
၁၈၊ခနီး္တရိပ်သာ ၀တ်ရွက်စဉ်၊
၁၉။ ခနီး္တတိုက် ရှင်ကျင့်ဝတ်၊
၂၀။ ကျောက်မြောင်းစာတမ်း၊
၂၁။ စေတီယစာတမ်း၊
၂၂၊ဒါနသီလအလင်းပြ၊
၂၃၊ ၀ိနယသံခေပကျမ်း (နောက်ဆုံးရေးသားသည်) စသည်ဖြင့် ကျမ်းပေါင်း၂၃ကျမ်ရေးသား
ပြုစုတော်မှုခဲ့သည်။ (ငယ်စဉ်ဘုရားဖူးထွက်ရစဉ်က ရဟန္တာအရှင်မြတ်တစ်ပါးဟု ကျော်စောတဲ့ဆရာတော်တစ်ပါးက ခနီး္တဆရာတော်ဘုရားကြီးရေးသားပြုစုတော်မှုတဲ့
သစ္စာအလင်းပြကျမ်းကြီးကို ကြည့်ရှု့ချင်ကြောင်းမိန့်ကြားခဲ့သည်ကို ခုထိမမေ့နိုင်ပါ။)
၁၃၄၁ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်တော်၊ နိုင်ငံတော်ကောင်စီက ဆက်ကပ်လှူဒါန်းသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တိဆပ်တော်မြတ်ကို အလှူခံရရှိတော်မှုခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည်
၁၃၄၈ ခုနှစ်၊ ၀ါဆိုလဆန်း ၈ရက်နေ့ ၊နံနက် ၁၁နာရီ ၄၅မိနစ်တွင် ခန္ဓာဝန်ချတော်မှုသည်။

(ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်းကို “ကျေးဇူးရှင်ဆရာတော်ကြီးများ၏ ၀ိပဿနာရှုနည်းများ ”စာအုပ်မှတွေ့ရှိရေးသားပူဇော်ခြင်းဖြစ်ပါသည် )
စာဖတ်သူ ဓမ္မမိတ်တွေများ ကိုယ်စိတ်နှလုံးရွှင်ပြုးံနိုင်ကြပါစေ)



စာရေးသူနေထိုင်သောဇာတိချက်ကြွေမွေးရပ်မြေမှထင်ပေါ်ကျော်ကြားသောဆရာတော်ကြီးတပါးဖြစ်ပါတယ်
         ဤပိုစ့်ကိုဒီဆိုက်မှကူးယူဖေါ်ပြပါသည်
ရောက်လာသူအပေါင်းရွှင်လမ်းချမ်းမြေ့ကြပါစေ။ရွှေဝန်းရတနာ(၂.၉.၁၁)

Sunday 28 August 2011

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ

                                                            

Posted by shwewunyatana On 1:15 AM No comments

                 ဂျိုဟိုးမြို့လီမာကရိုင်းရွှေညီအကိုမောင်နှမများ၏ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ(၇.၈.၁၁)

                                                          
(၁) စိတ်ဓါတ်အောက်တန်းကျသူ


စိတ်ဓါတ်ညံ့သူ၊ စိတ်ဓါတ်အောက်တန်းကျသူဟာ

သင်ယူထားတဲ့ ခေတ်ပညာတွေ ဘယ်လောက်ဘဲတတ်စေကာမူ၊

ဘွဲ့တွေ
ရာထူးတွေ ကြီးမားစေကာမူ၊ မိဘအသိုင်းအ၀ိုင်း ချမ်းသာစေကာမူ

လူတော်မဟုတ်၊ လူကောင်းလည်းမဟုတ်၊

စာပေလုံးဝ မတတ်သူလောက်မှ အသုံးမကျ တန်ဖိုးမရှိသူတွေဖြစ်တယ်။


(၂) မေတ္တာစိတ်သာ ထားနေရင်

သတ္တ၀ါအားလုံးအပေါ်
မေတ္တာစိတ် အမြဲထားနေပါက
စိတ်ချမ်းသာ၏ မှတ်။


(၃) စိတ်ရင်းစေတနာ

စိတ်ထားမြင့်မြတ်လျှင် ဘယ်သူမဆို အထက်တန်းစားလူဖြစ်နိုင်တယ်။
မိမိစိတ်ထားက အလယ်အလတ်ရှိလျှင် အလတ်တန်းစားလူဖြစ်ရ၏။
မိမိစိတ်က အောက်တန်းကျလျှင် အောက်တန်းစားလူဖြစ်ရမည်။
စိတ်ရင်းစေတနာသည်
လူတန်းစားကို ခွဲခြားနေသော တရားခံလက်သည်ဖြစ်လေသည်။

(၄) စိတ်သည်အဓိက


လူဆိုတာ စိတ်ရယ်၊ ရုပ်ခန္ဓာရယ်၊ နှစ်မျိုးပေါင်းစပ်ထားတယ်ဆိုတာသိကြရဲ့လား။
စိတ်ဟာ အဓိကဖြစ်တယ်၊ စိတ်ကောင်းရင် လူကောင်းတယ်။
စိတ်မကောင်းရင် လူမကောင်းဘူး။
ရှေးခေတ်လူတွေကောင်းကြတယ်ဆိုတာ စိတ်ကောင်းလို့
စိတ်ထားရိုးသားကြလို့ ကောင်းတာ၊
ခုခေတ်လူတွေမကောင်းဘူးဆိုတာ ရိုးသားတဲ့စိတ်၊ ဖြောင့်မတ်တဲ့စိတ်
မထားကြလို့ မကောင်းတာဘဲ၊ ဒီတော့ဒီလူတွေကောင်းလာအောင်
စိတ်ထားနည်း ပြုပြင်ပေးကြဖို့လိုတယ်။
စိတ်ပျက်စရာစကားတွေပြောပြီး ညည်းညူနေလို့တော့
ဒီခေတ်လူတွေကောင်းလာမှာ
မဟုတ်ဘူး။ အဲဒါလိုရင်းအညှာကို မင်းတို့ သိကြအောင် ညွှန်ပြပေးတာဘဲ။

(၅) ဒေါသစိတ်ဟာ ကိုယ်တွေ့


စိတ်ဆိုးလာတယ်။ အဲဒီစိတ်ဆိုးတဲ့စိတ်ကို ကိုယ်ကဆင်ခြင်ကြည့်ရင် မသိဘူးလား၊
သိနိုင်တာဘဲ။
စိတ်ဆိုးတဲ့စိတ်က သာပြီး ပေါ်လွင်သေးတယ်။ တစ်ခါတည်းကို သူဖြစ်လာပြီဆိုရင်
စိတ်ထဲသူပုန်ထတော့တာဘဲ၊ အဲဒါကြောင့် စိတ်ဆိုးတယ်ဆိုတဲ့ ဒေါသစိတ်ဟာ
ကိုယ်တွေ့၊ သူများပြောလို့မဟုတ်ဘူး။


(၆) မုန်းစိတ်ကင်းခြင်းသည်သာ

သူတစ်ပါးက အသင့်ကို မုန်းစိတ်ထားသူရှိချင်ရှိပါစေ။

သင်တို့ ငါတို့က သူတစ်ပါးအပေါ်၌ မုန်းစိတ်ကင်းခြင်းသည်သာ

မူမှန်ဖြစ်၍မြတ်ပါသည်။

ထိုသို့နေသောအခါ သင်တို့ ငါတို့အဖို့ ပထမဆုံးရောက်လာမည့်

ကောင်းကျိုးတရားကား

စိတ်ချမ်းသာမှု၊
ကြည်လင်ပျော်မွေ့မှုကို လက်ငင်းခံစားရခြင်း ပင်တည်း။


(၇) ပင်တိုင်စိတ်ကောင်းကြောင့်
လောကတွင် ရိုးသားသောစိတ်၊ ဖြောင့်မတ်စိတ်၊ တည်ငြိမ်စိတ်ကို
အဓိက ပင်တိုင်ထားရမည်။
ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ ၀ီရိယစွမ်းအင်ကို အခြေအနေအလျောက်
အရင်းတည်ပြီး မနေမနား ကြိုးစားနေလေ့ရှိသူများသည်
ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။
မရိုးသားသူများအပေါ် ကျော်တက်သွားကြသည်။
ရိုးသားဖြောင့်မတ်သူများသည် မဖြောင့်မတ်သူများကို နောက်ချန်ထားခဲ့ကြသည်။

(၈) သေခါနီးစိတ်အာရုံ


ငါသေတော့မည်ဟု ထင်မှတ်ရသော အချိန်ပိုင်းတွင် မိမိ၏ စိတ်အာရုံကို

ကြည်လင်အောင်
ရှင်းရှင်းထား၍ နေပါ။

သံယောဇဉ်ဟူသမျှ ဘာသံယောဇဉ်မှ
(ပစ္စည်း သံယောဇဉ်၊ လူ့သံယောဇဉ် စသည်) မိမိ၏ စိတ်အာရုံတွင်

ဝင်ရောက် မလာစေရ။ ၀င်ရောက်လာလျှင် ဖယ်ထုတ်ပစ်ပါ။

မိမိပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်စသည် တို့တွင်

မိမိ စိတ်ဝင်စား၍ အနှစ်သက်ဆုံးသော ကုသိုလ်အာရုံတစ်ခုခု

ထပ်ပြန်တလဲလဲစွဲနေအောင် နှလုံးသွင်း၍ ကျေနပ် ၀မ်းမြောက်နေ ရမည်။
ကုသိုလ်အာရုံတစ်ခုခုကို စိတ်ကြည်လင်အောင် နှလုံးသွင်း၍ စိတ်ဝင်စားကာ
ပျော်မွေ့ရင်း သေသွားတတ်ရမည်။


(၉) မေတ္တာစိတ်သာထားနိုင်မယ်ဆိုရင်

စိတ်ကို ရှင်းရှင်းထား။ ရှင်းရှင်းထားဆိုသည်မှာ စိတ်ထားခြင်းကို ဆိုလိုတယ်။
လောကကြီးမှာ မေတ္တာလောက်ကောင်းတာ ဘာမှမရှိဘူး။
မေတ္တာလောက်ကောင်းတဲ့ အဆောင်ကောင်း တခြားဘာမှ မရှိနိုင်ဘူး။
မေတ္တာစိတ်သာ ထားနိုင်မယ်ဆိုရင် သံသရာလည်ရမှာတောင် မကြောက်နဲ့။
မေတ္တာတရား လက်ကိုင်ထား သံသရာခရီးသွား မပင်ပန်းဘူးမှတ်။


(၁၀) စိတ်ရင်းထဲမှာ ဖြစ်ပေါ်လာသော
လူများဟာ ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့
ပြောလေ့ရှိကြတယ်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းကိုဘယ်သူကမှ လာရောက်
ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်တယ်။
ကံတရားဆိုတာ မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင်ဖြစ်တယ်။
စေတနာကောင်းလျှင်ကံကောင်းမယ်၊ စေတနာဆိုးလျှင် ကံဆိုးမယ်။
စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊ စေတနာ ကောက်လျှင် ကံကောက်မယ်။

                            ဤစာသားကိုဒီဆိုက်မှကူးယူဖေါ်ပြပါသည်။
                                                                        ရွှေဝန်းရတနာ

                                                       
                                                                
                                                          
                                                             
                                                                
                                                            
                                                         
                  လီမာကရိုင်းရွှေညီအကိုမောင်နှစ်မများမှဝါဆိုသင်္ကန်းဆက်ကပ်နေစဉ်(၇.၈.၁၁)                  ( ကင်မရာမင်းကဘယ်လိုရိုက်လဲမသိဘူးဘုန်းကြီးပုံတွေကမပါဘူးလူပုံတွေဘဲရိုက်တယ်)

                                                               
                                                                     
           ပြုပြုသမျှကုသိုလ်ကောင်းမှု့တွေကိုရေစက်သွန်းချအမျှတန်းပေးဝေနေကြစဉ်(၇.၈.၁၁)                                                
Read Full story              ရောက်လာသူအပေါင်းရွှင်လမ်းချမ်းမြေ့ကြပါစေ။ရွှေဝန်းရတနာ..        

အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ

                                                                           
                         အမေစုမှသီတဂူဆရာတော်အားလှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းနေစဉ်။

                                                                
တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက
“တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊
တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..“
ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။
ဟိုတစ်လောကလည်း ကလေးမလေးတွေက
”ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊
မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊
ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊
မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…”တဲ့။
မှန်ပါတယ်။
ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။
အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊
နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။
ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။
တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့
အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။
အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။
လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြပါတယ်။
တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။
ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ
နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။
ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊
အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။
သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။
ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။
ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။
မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။
အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။
အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။
ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။
ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို
အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊
ခွဲခြားဆက်ဆံတဲ့ သဘော၊
ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။
အမျိုးသမီးများကိုလည်း
လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။
တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။
အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။
အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။
အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။
နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။
ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။
အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။
ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။
သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။
ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။
ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။
သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။
ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။
သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။
အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။
ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက “မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား“ ဆိုတဲ့စကားပါ။
ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင်
နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊
မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း
စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။
ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊
အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။
အချုပ်အားဖြင့် ပြောချင်တာက
ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊
ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့်
စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။
အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက်
အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့်
ယုတ်နိမ့်တဲ့သူများ၊
အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါ။
ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။
ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။
ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ
အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့်
အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင်
နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက်
ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ
အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊
အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါတယ်
http://www.venvicitta.com/ မှ ကူးယူဖော်ပြပါသည်။

                     သီတဂူဆရာတော်မှအမေစုအားရုပ်ပွာတော်မြတ်ကိုလှူဒါန်းစဉ်။

                            သီတဂူဆရာတော်ဘုရားနှင့်အမှတ်တရ။

                                                                          
                               အမျိုးသမီးတိုင်းနိဗ္ဗာန်ရောက်ခွင့်ရှိသည်။

                                                                
                                 ပထမဆုံး ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာ
                               အမျိုးသမီးတိုင်းဝန်ကြီးချုပ် ဖြစ်ခွင့်ရှိသည်။
                                 
                       ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ။ရွှေဝန်းရတနာ(၂၃.၈.၁၁)